ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား American Refugee Committee မှ Ms. Anne E. Goldfeld နှင့်အဖွဲ့ လာရောက်တွေ့ဆုံမှုသတင်း

 

15_pic01

နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၄)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား (၁၄-၂-၂၀၁၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် American Refugee Committee မှ Ms. Anne E. Goldfeld နှင့်အဖွဲ့က အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် American Refugee Committee ၏ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒုက္ခသည်များနှင့် HIV ရောဂါဝေဒနာရှင်များအား ကူညီစောင့်ရှောက်မှုအတွေ့အကြုံများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် မူဝါဒအသစ်များ ဖော်ဆောင်၍ လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုထိရောက်စေရန် ဆောင်ရွက်နေမှုအခြေအနေများ၊ အဆိုပါလူမှုဝန်ထမ်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်စေရန် လိုအပ်သော ဥပဒေများ ရေးဆွဲရေးညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေများ၊ အထူးသဖြင့် အမျိိုးသမီးများအား အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ရေး၊ ဆင်းရဲမှုနှုန်းမြင့်မားသည့် ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ကိုယ်ဝန်ဆောင်မိခင်ထောက်ပံ့ရေးလုပ်ငန်းများ၊ အမျိုးသမီးများအတွက် ရန်ကုန်နှင့် မန္တလေးတွင် ဖွင့်လှစ်မည့် အမျိုးသမီးအတွက် One Stop Service Centre များ ဖွင့်လှစ်ရေးနှင့် American Refugee Committee မှ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များလေ့လာရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events