ဝေါမြို့နယ်၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ ခရွဲတန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း

27_pic01 27_pic02 27_pic03

(၂၃-၂-၂၀၁၇) ရက်နေ့၊ (၂၂:၁၅) နာရီအချိန်တွင် ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ ခရွဲတန်းကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၁၆) စုမှ လူဦးရေ (၇၄) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၆) အိမ်ထောင်စာ၊ Family Kit (၁၆) ပုံး၊ လူဦ်းရေ (၇၄) ဦးအတွက် ဆန်ဖိုးငွေ (၆၆၆၀၀) ကျပ်နှင့် အိမ် (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၅၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၁၄၁၆၆၀၀) ကျပ်တို့ကို ပဲခူတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၂၄-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events