Author Archives: Thandar Aung

  • ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး

    ၂၀၁၇ ခုႏွစ္၊ မတ်လ ၄ ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများမှတဆင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စုပေါင်းရုံးခန်းမ၌ ယနေ့ကျင်းပပြုလုပ်သော ကယ်ဆယ်ရေးစခန်းတာဝန်ခံများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများအနေဖြင့် အခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီရေးနှင့် လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာစေရေးတို့အတွက် ဝန်ကြီးဌာနအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများရေးဆွဲပြင်ဆင်ပြဌာန်းနိုင်ရေးတို့ကို ဆောင်ရွက်နေပါကြောင်း၊ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာမှုဖြင့် စခန်းများတွင် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုဖြစ်ပြီး အသိ၊ ကျွမ်းကျင်မှု၊ ကျင့်ဝတ်နှင့် ပြည့်စုံမှုတို့ဖြင့် … Read more

  • ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့ နေထိုင်သူများအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှလှူဒါန်းပစ္စည်းများထောက်ပံ့ခြင်း

    ကချင်ပြည်နယ်အတွင်းနယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများအတွက် လတ်တ‌ေလာစားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်စဉ်ကာလအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တတ်ကျွမ်းစေရန်အတွက် လိုအပ်သောအကူအညီများပေးနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး‌ေဒါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်နှင့်အတူ (၃-၃-၂၀၁၆) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် တို့တွင်ရှိသောဂျာမိုင်ကောင်းKBC၊ မန်ခိန် KBC၊ နန့်ကွေ့စိန်ယောဟန်၊ လယ်ကုန်းဇီးအုန်၊ လယ်ကုန်းဗက်လင်၊ တပ်ကုန်းစံပြနှစ်ခြင်း၊ မန်ခိန်KBC၊ မိုင်းနားဖွံ့ဖြိုးရေးဇုန်၊ မိုင်းနားစိန့်ဂျိုးဇက်၊ ခတ်ချို၊ သာဂရသရက်တောစခန်းများရှိ နယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများထံသို့ သွားရောက်တွေ့ဆုံအားပေးပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ လှူဒါန်းသော ဆန်၊ ဆီ၊ ဆား၊ … Read more

  • စစ်တွေမြို့နယ် ဘောဒူဖကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း

    (၂၇-၂-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘောဒူဖကျေးရွာ၌ မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၅) စုမှ လူဦးရေ (၃၁) ဦးအတွက် ကယ်ဆယ်ရေပစ္စည်း (၉) မျိုး အိမ်ထောင်စု (၅) စုစာ၊ အိမ်ဆောက်ပစ္စည်းဘိုးငွေ (၂၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၃) ရက်စာဘိုးငွေ (၂၇၉၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၂၇၇၉၀၀) ကျပ်တို့အား ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ဘေးသင့်သူများထံ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    (၁-၃-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ရန်အောင်မြင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ဒေသခံပြည်သူ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)

  • မဏ္ဍိုင် (၂) ရပ် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ပြည်သူအကျိုးကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည်

    နေပြည်တော်၊ ၂၀၁၇ ခုနှစ် မတ်လ ၂ ရက်နေ့ ကလေးသူငယ်များ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုသည် အရေးကြီးပြီး ကလေးသူငယ်တိုင်း အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံခွင့်နှင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်ဆက်ဆံခွင့် စသည့် ကလေးသူငယ်အခွင့်အရေးများ ရရှိရေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဥပဒေ၊ နည်းဥပဒေ များ၊ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ သာဝတ္တိမြို့၊ မဟာပရဟိတ (စမတောင်) သို့ သွားရောက်၍ လက်ခံစောင့်ရှောက်ထားသည့် … Read more

  • “လူမှုပေါင်းစည်းမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်း” ဖွင့်လှစ်မှုသတင်း

    နေပြည်တော်၊ ၂၀၁၇ ခုနှစ်  ဖေဖော်ဝါရီလ (၂၇) ရက်နေ့  လူမှုရေးဝန်ဆောင်မှုများပေးရာတွင် ဖြစ်ရပ်အကြောင်းအရာ အမျိုးမျိုးကွဲပြားသလို  ပြဿနာပဋိပက္ခများ၏ အတိမ်အနက်အလိုက် အကူအညီဖော်ဆောင်ပေးရန် အရေးကြီးပါကြောင်း၊ အစိုးရက ဖော်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် ပြည်သူအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာတွင် လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှု (Social  Cohesion) မတူကွဲပြားမှုများထဲက တူညီသော အချက်များကို စုပြီးညီညွတ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နှင့် အမျိုးသားရေး စိတ်ဓာတ်များ တိုးတက်ပွားများလာပြီး ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံသားများ၏လုံခြုံရေး၊ လူမှု ဝန်ဆောင်မှုများ စသည်တို့ကို … Read more

Sign Up

Upcoming Events