
(၂၇-၂-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘောဒူဖကျေးရွာ၌ မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၅) စုမှ လူဦးရေ (၃၁) ဦးအတွက် ကယ်ဆယ်ရေပစ္စည်း (၉) မျိုး အိမ်ထောင်စု (၅) စုစာ၊ အိမ်ဆောက်ပစ္စည်းဘိုးငွေ (၂၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၃) ရက်စာဘိုးငွေ (၂၇၉၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၂၇၇၉၀၀) ကျပ်တို့အား ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ဘေးသင့်သူများထံ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)