Author Archives: Thandar Aung

  • လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်သေဆုံးသူနှင့်ဒဏ်ရာရလူနာများ ထောက်ပံံ့ငွေပေးအပ် မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၂-၆-၂၀၁၇)ရက်နေ့(၀၂း၃၀) နာရီတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေး ရွာမှ သေဆုံးသူ (၂) ဦးအတွက် (၆၀၀၀၀၀/-)၊ ဒဏ်ရာရလူနာ(၆)ဦးအတွက် တစ််ဦး (၅၀၀၀၀/-)နှုန်းဖြင့် (၃၀၀၀၀၀/-)စုစုပေါင်း (၉၀၀၀၀၀/-) တို့ အား ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ(၁၂-၆-၂၀၁၇)ရက်နေ့ သွားရောက်ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာနှင့် ကွန်ကောက်ကျေးရွာတို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၁၇) ရက်နေ့၊ (၀၈း၃၀~၁ဝး၃၀) အချိန်တွင် သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာ၌  သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သုူ (၇၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ အလားတူ (၈-၆-၂၀၁၇) ရက်နေ့၊ (၁၂း၃၀~၁၄း၃၀) နာရီအချိန်တွင် သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာ၌  သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ (၇၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲပြုလုပ်ခဲ့သည့် ကျေးရွာ (၂) ရွာအတွက် လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ  ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ဟိုင်းကြီးကျွန်းမြို့အတွင်းရှိကျေးရွာများသို့ ကြွက်ဝမ်းဖြူများဝင်ရောက်မှုအပေါ် ကွင်းဆင်းစစ်ဆေးမှုအခြေအနေသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ကျေးရွာများသို့ ကြွက်ဝမ်းဖြူများ ဝင်ရောက်လာမှုအား  (၇-၆-၂၀၁၇) ရက်‌နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငပုတောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ  ကွင်းဆင်း၍ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာနှင့် ကံချိုင်ကျေးရွာများရှိ ပြည်သူလူထုများအား  သက်ဆိုင်ရာဌာနများမှ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၄င်းနောက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) မှ  သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဆွေးနွေးခြင်း၊ သဘာဝဘေးအသိပညာပေး ဗီနိုင်းများကပ်၍ … Read more

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၆-၆-၂၀၁၇) ရက်နေ့တွင် ညောင်ဦးမြို့နယ် လက်ပန်ခြေပေါ်ကျေးရွာအုပ်စု ရွှေပြည်သာကျေးရွာ ရှိ အိမ်ခြေ (၉၀) လုံးအိမ်ထောင်စု (၁၀၃) စုမှ လူဦးရေ (၄၄၅) ဦးတို့အတွက် (၁) အိမ်လျှင် သောက်ရေ သန့် (၂၀)လီတာ (၃)ဘူး နှုန်းဖြင့်အိမ်ခြေ (၉၀) စာ(၈၁၀၀၀ိ/)တန်ဖိုးရှိရေသန့် ဘူးစုစုပေါင်း (၂၇၀)ဘူးတို့ အား သွားရောက်လှူဒါန်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မာန်အောင်မြို့နယ်အတွင်းရှိ “မိုရာ” မုန်တိုင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    မာန်အောင်မြို့နယ်အတွင်းရှိ “မိုရာ” မုန်တိုင်းကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၂၇) စုအတွက် ဆန်ရိက္ခာဖိုးငွေ (၁၉၁၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၆၀၀၀၀) ကျပ်တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မာန်အောင်မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများထံ (၅-၆-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်၏ ဒုတိယအကြိမ်ညီလာခံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြားမှုသတင်း

    ၄-၆-၂၀၁၇၊ ပြင်ဦးလွင် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိပြီး   ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်စောင့်ရှောက်နိုင်မည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏  မိတ်ဖက်အဖွဲ့အစည်တစ်ခုဖြစ်သော မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်၏  ပြည်နယ်နှင့် တိုင်းအဆင့်ဆင့်ရှိ လုပ်ငန်းကော်မတီဝင်များ ညီလာခံကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် (၄-၆-၂၀၁၇) ရက်နေ့တွင် ကျင်းပပါသည်။ အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားရာတွင် အစိုးရသစ်အနေဖြင့် ပြည်သူ့အတွက် အမှန်တကယ်အကျိုးရှိစေမည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒအသစ်များ ချမှတ်ကာ … Read more

  • မြန်အောင်မြို့နယ်အတွင်း လေဘေးသင့်ခဲ့သည့် ကျေးရွာအုပ်စု (၄) စုမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    မြန်အောင်မြို့နယ်၊ တယ်ကုန်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာအုပ်စု၊ ပေါက်ကုန်းစွန်းကျေးရွာအုပ်စုနှင့် လေးတူးကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာ (၁၁) ရွာတွင် (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေတိုက်ခတ်မှုကြောင့် အိမ်ခြေ ( ၁၁) လုံးပြိုလဲပျက်စီးခဲ့ပြီး နေအိမ် (၉၄) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကာ လူဦးရေ (၃၉၅) ဦး လေဘေးသင့်ခဲ့ပါသည်။ ပြိုလဲပျက်စီးသော အိမ်ခြေ (၁၁) လုံးအတွက် ပလတ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးကိုလည်းကောင်း၊ အမိုးလန်အိမ်ခြေ (၉၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးကိုလည်းကောင်း၊ လေဘေးသင့်လူဦးရေ (၃၉၅) … Read more

Sign Up

Upcoming Events