မြန်အောင်မြို့နယ်၊ တယ်ကုန်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာအုပ်စု၊ ပေါက်ကုန်းစွန်းကျေးရွာအုပ်စုနှင့် လေးတူးကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာ (၁၁) ရွာတွင် (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေတိုက်ခတ်မှုကြောင့် အိမ်ခြေ ( ၁၁) လုံးပြိုလဲပျက်စီးခဲ့ပြီး နေအိမ် (၉၄) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကာ လူဦးရေ (၃၉၅) ဦး လေဘေးသင့်ခဲ့ပါသည်။ ပြိုလဲပျက်စီးသော အိမ်ခြေ (၁၁) လုံးအတွက် ပလတ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးကိုလည်းကောင်း၊ အမိုးလန်အိမ်ခြေ (၉၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးကိုလည်းကောင်း၊ လေဘေးသင့်လူဦးရေ (၃၉၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈၉၂၅၀၀) ကျပ်တိတိတို့ကို ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှ တာဝန်ရှိသူများ၊ မြန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် (၃၁-၅-၂၀၁၇) ရက်နေ့တွင် လေဘေးဖြစ်ပွားရာ တယ်ကုန်းအုပ်စုနှင့် မြစ်ကျိုးအုပ်စုများသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)