ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၂-၆-၂၀၁၇)ရက်နေ့(၀၂း၃၀) နာရီတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေး ရွာမှ သေဆုံးသူ (၂) ဦးအတွက် (၆၀၀၀၀၀/-)၊ ဒဏ်ရာရလူနာ(၆)ဦးအတွက် တစ််ဦး (၅၀၀၀၀/-)နှုန်းဖြင့် (၃၀၀၀၀၀/-)စုစုပေါင်း (၉၀၀၀၀၀/-) တို့ အား ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ(၁၂-၆-၂၀၁၇)ရက်နေ့ သွားရောက်ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)