ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသော ဒေသခံပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခြင်း

6 Pic 01 6 Pic 026 Pic 03 6 Pic 04

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသည် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် တိမ်းရှောင်ပြည်သူများ လတ်တလောစားဝတ်နေရေး ပြေလည်စေရေး ထောက်ပံ့ပေးလျက်ရှိရာတွင်  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း (၆-၃-၂၀၁၇) ရက်နေ့တွင် ဒေသတွင်းတိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် အိုးအိမ်များစွန့်ခွါ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည့် ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)စု ကျေးရွာပေါင်း(၇၀)မှ ဒေသခံပြည်သူ အိမ်ထောင်စု(၃၂၄၉)စု၊ လူဦးရေ(၂၀၃၀၄)ဦးတို့အတွက် စားနပ်ရိက္ခာ(၂)လစာ တန်ဖိုးငွေစုစုပေါင်း (၄၄၅,၃၉၇,၄၀၀) ကျပ် (ကျပ်လေးထောင့်လေးရာငါးဆယ့် သုံးသိန်းကိုးသောင်းခုနစ်ထောင့်လေးရာတိတိ)ရှိ ဆန်(၁၂၆၉၀)အိတ်၊ ဆီ(၁၂၉၉၆)ပိဿာ၊ ဆား(၁၆၂၄) ပိဿာနှင့် ငါးသေတ္တာ(၇၇၉၇၆)ဗူးတို့ကို  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events