Author Archives: Thandar Aung
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှုးရုံးမှ တာဝန်ရှိ သူများနှင့် သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (မန္တလေး) နှင့်ပူးပေါင်းလျက် သဘာဝဘေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို မြင်းခြံမြို့ တလုပ်တိုက်နယ် မြို့ကြီးကုန်းကျေးရွာ၌ ကျေးရွာ (၁၀) ရွာမှ တစ်ရွာလျှင် ၂ ဦးနှုန်းဖြင် လူ (၂၀) ဦး၊ မြင်းခြံမြို့ပေါ် အရံမီးသတ် နှင့်ကြက်ခြေနီ တို့မှ (၁၀) ဦး စုစုပေါင်းသင်တန်းသား (၃၀ )ဦးဖြင့် (၁၂.၇.၂၀၁၇) နေ့မှ (၁၄.၇.၂၀၁၇ )နေ့အထိ သုံးရက်ကြာဖွင့်လှစ်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှုးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် လပွတ္တာမြို့နယ် ပိုးလောင်းကျေးရွာအုပ်စု၊ ပိုးလောင်းကျေးရွာ၌ (၁၂-၇-၂၀၁၇)ရက်နေ့တွင် `သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း´ကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ် NLD အဖွဲ့ဝင်များပိုးလောင်းဆေးရုံးအုပ်ကြီးမြို့နယ် ကြက်ခြေနီတပ်ခွဲမှူး ပိုးလောင်းရဲတပ်ဖွဲ့မှစခန်းမှူး ပြည်သူ့စစ်များ အမျိုးသမီးရေးရာမိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ ရပ်မိရပ်ဖများ AVSI မှ ဝန်ထမ်းများ သင်တန်းသား/သူ (၃၀)ဦးစုစုပေါင်း(၄၅)ဦးတတ်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသည် (၁၂-၇-၂၀၁၇)မှ(၁၄-၇-၂၀၁၇)ရက် နေ့ထိ (၃)ရက် ကြာမြင့်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၇) ရက်နေ့၊ (၁၀:၂၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊သိမ်ဆိပ်ရပ်ကွက်၌ မြို့နယ်သဘာဝဘေးစီမံစီမံခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၂၀၀) ဦးတက်ရောက်ခဲ့ပါသည်။ ၄င်းနောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ဗွီနိုင်းများ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
“သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်နှင့် ကောင်းကင်ဓာတ်ပုံများကို မောင်းသူမဲ့လေယာဉ် (Unmanned Aerial Vehicles – UAVs) များ အသုံးပြု၍ ရယူဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့ပူးပေါင်း၍ “သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်နှင့် ကောင်းကင်ဓာတ်ပုံများကို မောင်းသူမဲ့လေယာဉ် (Unmanned Aerial Vehicles – UAVs) များ အသုံးပြု၍ ရယူဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို Horizon Lake View Hotel၊ နေပြည်တော်၌ (၁၂-၇-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝ၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး … Read more
-
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မုံံရွာမြို့နယ် ဘုဘကျေးရွာအုပ်စုမှ ရေဝင်ပြောင်းရွှေ့ ကျေးရွာ (၃) ရွာမှ အိမ်ထောင်စု (၃၃၂) စု လူဦးရေ (၁၅၅၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၂၆၃၄၀၀)နှင့် ညောင်ဖြူပင်ကျေးရွာအုပ်စုမှ ရေဝင်ပြောင်းရွှေ့ ကျေးရွာ (၃)ရွာမှ အိမ်ထောင်စု (၁၀၃၉) စု လူဦးရေ (၄၇၉၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၀၆၉၅၀၀) အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့ လူမှုရေးဝန်ကြီးနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။Source:စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသော လုပ်သားများကိုစနစ်တကျကြိုဆိုမှုပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အားပေးကြည့်ရှုမှုသတင်း
(၁၁-၇-၂၀၁၇)၊ မြဝတီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိထိုင်းနိုင်ငံမှပြန်လည်ဝင် ရောက်လာသောပြည်သူများကိုပြန်လည်ကြိုဆိုလက်ခံရေးစခန်းသို့ယနေ့မွန်းလွဲပိုင်းတွင်ရောက်ရှိကြ ပြီးကြိုဆိုလက်ခံရေးလုပ်ငန်းများကိုဌာနဆိုင်ရာများအလိုက်အဆင့်ဆင့်ဆောင်ရွက်ပေးနေပုံ၊ထိုင်းနိုင်ငံဘက်သို့တရားဝင်သွားရောက်ကြမည့် ပြည်သူများအတွက် ဌာနဆိုင်ရာများက လုပ်ငန်းများ ဆောင် ရွက်ပေးနေမှု၊ တပ်မတော်နှင့်လူမှုရေးအသင်းအဖွဲ့များ၏ပါဝင်ကူညီဆောင်ရွက်ပေးနေမှုများကို ကြည့် ရှုလေ့လာပြီးပြန်လည်ဝင်ရောက်လာကြသောပြည်သူများအနေဖြင့်၄င်းတို့၏နေရပ်သို့ စနစ်တကျ ပြန်လည်ရောက်ရှိနေကြောင်းသိရှိရပြီး လက်ရှိကြိုဆိုလက်ခံရေးစခန်းမှစနစ်တကျ ဆောင်ရွက် ပေးနေမှုများကိုကျေးဇူးတင်ရှိပါကြောင်း၊လိုအပ်ချက်များနှင့်အကြံပြုချက်များကိုလည်းဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ထပ်မံပြန်လည်ဝင်ရောက်လာကြမည့် ပြည်သူများအတွက်လည်း ကြိုဆိုလက်ခံပေးရန်အသင့်ရှိနေကြောင်းသတင်းစကားကိုဤနေရာမှ တဆင့်ပန်ကြားပါကြောင်း ပြော ကြားခဲ့ပါသည်။ ထို့နောက် ထိုင်းနိုင်ငံသို့တရားဝင်အလုပ်လုပ်ကိုင်ရန်သွားရောက်ကြမည့် မြန်မာနိုင်ငံသား များအတွက် ဆောင်ရွက်ပေးနေမှု လုပ်ငန်းအဆင့်ဆင့်ကိုလည်း ကြည့်ရှုလေ့လာပြီးအလုပ်သွား ရောက်လုပ်ကိုင်မည့်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နှစ်ဖက်နိုင်ငံကသတ်မှတ်ထားသော … Read more
-
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် (၅-၇-၂၀၁၇) မှ (၉-၇-၂၀၁၇) နေထိ ထောက်ပံ့ရန် ကျန်ရှိ သော ကယ်ဆယ်ရေးစခန်းများတွက် အိမ်ထောင်စု (၆၁)စု ကယ်ဆယ်ရေးပစ္စည်း (၅)မျိုးလူဦးရေ (၂၆၂)ဦးတွက် ဆန်ရက္ခာဖိုးငွေ (၅၅၀၂၀၀) ကျပ်တိတိအား (၁၁-၇-၂၀၁၇)ရက်နေ့တွင် ရပ်ကွက်အုပ် ချုပ် ရေးမှူးများ ထံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
တိုက်ပွဲရှောင်အိမ်ထောင်စုများထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှတာဝန်ရှိသူများသည် နမ္မတူမြို့နယ်အတွင်းဖြစ်ပွားသော တိုက်ပွဲ များကြောင့် နမ္မတူမြို့၊ ကယ်ဆယ်ရေးစခန်းများ သို့ရောက်ရှိ လာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၁၂၁)စုမှ လူဦးရေ ကျား(၅၁၅) တို့အား ဆန်ရိက္ခာ(၁၄)ရက်စာ တန်ဖိုးငွေ (၂၁၆၃၀၀၀/-) တစ်အိမ်ထောင်လျှင် ဆီ (၅၀)သား (၂၄၂၀၀၀/-) ငါးသေတ္တာ (၃)ဘူး (၁၂၇၀၅၀/-) စုစုပေါင်းတန်ဖိုး ငွေကျပ် (၂၅၃၂၀၅၀/-) အား (၁၁.၇.၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source:လားရှိုးခရိုင်ဦးစီးမှူးရုံးကဆရ)
-
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် (၁၀-၇-၂၀၁၇) နေ့တွင် ရေလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၁၈၇)စု လူဦးရေ (၈၀၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၈၇) အိမ်ထောင်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၆၉၀၅၀၀/-)နှင့် ခန္တီးမြို့ မြို့မရပ်တွင် (၁၀-၇-၂၀၁၇) နေ့ ရေနစ်သေဆုံးသူ တစ်ဦးအတွက် သေဆုံးသူတစ်ဦးအတွက် သေဆုံးသူထောက်ပံ့ငွေ (၃၀၀၀၀၀/-) တို့ကို မြို်နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ နှင့်အတူ (၁၁-၇-၂၀၁၇)နေ့တွင် သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)
