Author Archives: Thandar Aung

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဖြစ်စဉ်များကိုလေ့လာသုံးသပ်ပြီး ရေရှည်အတွက် ကြိုတင်ပြုပြင် ပြင်ဆင်မှုများ ဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဆွေးနွေး

    (၂၇-၇-၂၀၁၇)၊ မကွေးတိုင်းဒေသကြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေမြင့်တက်ခြင်းတို့ကြောင့် တိုင်း/ဒေသကြီးပြည်နယ်အချို့တွင် ရေကြီးနစ်မြှပ်မှုများ ဖြစ်ပေါ်လျက်ရှိရာ အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် (၂၇-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တွေ့ဆုံ၍ လက်တလောဖြစ်ပွားနေသည့် ရေဘေးသင့်ပြည်သူများအား ချက်ချင်းကူညီထောက်ပံ့မှုပြုရေးနှင့် ရေရှည်အတွက် ကြိုတင်ကာကွယ်ရေးအစီအမံများကို … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်နှင့်အတူ ဒုတိယဦးစီးမှူး ဦးရမ်ချွမ်းမန်တို့သည် (၂၆-၇-၂၀၁၇)နေ့ ဟားခါးမြို့ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းဝေးခန်းမတွင် ဖွင့်လှစ်လျက်ရှိသော အခြေခံစာရေးသင်တန်းအမှတ်စဉ်(၁/၂၀၁၇)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပို့ချခဲ့ပြီး လက်ကမ်းစာစောင် (၆)မျိုး ရေဘေး/မိုးကြိုးဘေး/မီးဘေး/မုန်တိုင်းဘေး/မိုးခေါင်ရေရှားဘေး/မြေပြိုဘေး တို့အား သင်တန်းသား/ သူ စုစုပေါင်း (၃၄)ဦးတို့အား ဖြန့်ဝေခဲ့ဖြန်‌့‌ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သထုံမြို့နယ်၊ ထောင်မှူးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၁၇) ရက်နေ့တွင် သထုံမြို့နယ်၊ ထောင်မှူးကျေးရွာ၌ ကျေးရွာနေ ပြည်သူလူထု (၂၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ၊ မီးဘေးအန္တရာယ်များ၊ မိုးရာသီကာလဖြစ်၍ မုန်တိုင်းဘေးအန္တရာယ်၊ ရေကြီးခြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးနှင့်ပတ်သက်၍ ပြည်သူများသို့ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မြောက်ဦးမြို့နယ်၊ ပုဇွန်ဖေကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    (၂၄-၇-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ပုဇွန်ဖေကျေးရွာ၌ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီး (ဓနိမိုး၊ ထရံကာ) လူနေအိမ် (၇) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး (သွပ်မိုး၊ ထရံကာ) လူနေအိမ် (၁၇) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး (ဓနိမိုး၊ ထရံကာ) လူနေအိမ် (၁၁) လုံးမှ အိမ်ထောင်စု (၃၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၇) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၂၈) အိမ်ထောင်စုစာ၊ လူဦးရေ (၁၈၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ … Read more

Sign Up

Upcoming Events