
(၂၄-၇-၂၀၁၇) ရက်နေ့တွင် ကျောက်တော်မြို့နယ်အတွင်း ရုတ်တရတ်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် လုံးဝပျက်စီး(သွပ်မိုး/ဝါးကာ) (၁၃) လုံး ၊ (သွပ်မိုး/ပျဉ်ကာ) (၄) လုံး၊ (ဓနိမိုး/ထရံကာ) (၁) လုံး စုစုပေါင်းလုံးဝပျက်စီးနေအိမ် (၁၈) လုံးနှင့် အမိုးလန်ပျက်စီး (သွပ်မိုး/ဝါးကာ) (၁၆) လုံး၊ (သွပ်မိုး/ပျဉ်ကာ) (၂) လုံး စုစုပေါင်းအမိုးလန်ပျက်စီး နေအိမ် (၁၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၈) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၈) အိမ်ထောင်စာတို့အား မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၇) ရက်နေ့တွင် ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်လွှဲပြောင်းထောက်ပ့ံခဲ့ပြီးဖြစ်ကြောင်းနှင့် ဆန်ရိက္ခာဖိုးနှင့်အိမ်ဆောက်ပစ္စည်းဖိုးများအား ဆက်လက်ထောက်ပ့ံပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)