
(၂၄-၇-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ပုဇွန်ဖေကျေးရွာ၌ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီး (ဓနိမိုး၊ ထရံကာ) လူနေအိမ် (၇) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး (သွပ်မိုး၊ ထရံကာ) လူနေအိမ် (၁၇) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး (ဓနိမိုး၊ ထရံကာ) လူနေအိမ် (၁၁) လုံးမှ အိမ်ထောင်စု (၃၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၇) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၂၈) အိမ်ထောင်စုစာ၊ လူဦးရေ (၁၈၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၃၈၈၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇၇၀၀၀၀) ကျပ်တို့အား (၂၅-၇-၂၀၁၇) ရက်နေ့တွင် မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)