Author Archives: Thandar Aung

  • ကလေးမြို့နယ်၊ ဖောင်ကူးကျေးရွာ ရေဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှု (ဒုတိယနေ့) တွင် သဘာဝဘေးအသိပညာပေးဆွေးနွေးမှုသတင်း

    ကလေးခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်ပြီး ရေဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်း (ဒုတိယနေ့) ကို (၃၀-၇-၂၀၁၇) ရက်နေ့တွင် ကလေးမြို့နယ်၊ ဖောင်ကူးကျေးရွာ၌ ကျင်းပပြုလုပ်ရာ ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက တက်ရောက်လာသော ကျေးရွာသူ/သားများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီနှင့် ဌာနဆိုင်ရာများအား ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။ အဆိုပါရေဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်းသို့ အင်အား (၃၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း (IOM) တို့ပူးပေါင်း၍ ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၈-၇-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ပုဂ္ဂိုလ်များ၊ UN/INGOs/NGOs/CSO/CBO အဖွဲ့အစည်းများအပါအဝင် စုစုပေါင်း (၆၃) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားဖွင့်ပွဲတွင် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ … Read more

  • ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း

    ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း မြစ်ရေကြီးမြင့်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ (၂၇-၇-၂၀၁၇) ရက်နေ့တွင်  အိမ်ခြေ (၂၀၀) လုံး၊ အိမ်ထောင်စု (၂၀၀) စုမှ လူဦးရေ (၈၇၇) ဦး ပြောင်းရွှေ့နေထိုင်ခဲ့ရာ ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၈၄၁၇၀၀) ကျပ်အား (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)  

  • ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြှုပ်မှုနှင့် ကမ်းပြိုဘေးအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ထောက်ပံ့မှုများပေးအပ်မှုသတင်း

    (၂၉-၇-၂၀၁၇)၊ ဧရာဝတီတိုင်းဒေသကြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေသည် ဧရာဝတီတိုင်းဒေသကြီးရှိ အချို့ဒေသများတွင် စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိခဲ့သဖြင့် ရေကြီးနစ်မြုပ်မှုခံရသော ကျေးရွာများမှ ပြည်သူများသည် ယာယီရေဘေးစခန်းများတွင် ခေတ္တရေဘေးရှောင် ခိုလှုံလျက်ရှိကြရာ ဓနုဖြူမြို့၊ ကျိုက္ကလွန်ပွန်းစေတီပရဝုဏ်အတွင်းရှိ ဦးဖိုးရွှေတန်ဆောင်းတော်ကြီးတွင် ရေဘေးရှောင်ပြည်သူ (၆၃၀) ဦးကို အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂၉-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် တွေ့ဆုံအားပေးစကား ပြောကြားပါသည်။ လေ့လာဆန်းစစ်ချက်များအရ … Read more

Sign Up

Upcoming Events