
(၂၉-၇-၂၀၁၇)၊ ဧရာဝတီတိုင်းဒေသကြီး
၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေသည် ဧရာဝတီတိုင်းဒေသကြီးရှိ အချို့ဒေသများတွင် စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိခဲ့သဖြင့် ရေကြီးနစ်မြုပ်မှုခံရသော ကျေးရွာများမှ ပြည်သူများသည် ယာယီရေဘေးစခန်းများတွင် ခေတ္တရေဘေးရှောင် ခိုလှုံလျက်ရှိကြရာ ဓနုဖြူမြို့၊ ကျိုက္ကလွန်ပွန်းစေတီပရဝုဏ်အတွင်းရှိ ဦးဖိုးရွှေတန်ဆောင်းတော်ကြီးတွင် ရေဘေးရှောင်ပြည်သူ (၆၃၀) ဦးကို အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂၉-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် တွေ့ဆုံအားပေးစကား ပြောကြားပါသည်။
လေ့လာဆန်းစစ်ချက်များအရ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ပုံမှန်ကျရောက်နိုင်သည့် နိုင်ငံစာရင်းတွင် ပါဝင်နေသဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံကာ ရင်ဆိုင် တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများနှင့်အတူ ပူးပေါင်းကာ ဆောင်ရွက်နေပါကြောင်း၊ ယမန်နှစ်က အတွေ့အကြုံအရ ကြိုတင်ပြင်ဆင်မှုများကို ကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့သော်လည်း ပျက်ဆီးဆုံးရှုံးခဲ့မှုများ များစွာသက်သာလျော့နည်းခဲ့ပါကြောင်း၊ ထို့ကြောင့် ရေရှည်အကျိုးဖြစ်ထွန်းစေသော ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယာယီစခန်းများတွင် သဘာဝဘေးကြောင့် ခေတ္တနေထိုင်စဉ်ကာလအတွင်း ကူးစက်ရောဂါများဖြစ်ပွားတတ်ပြီး ဖြစ်ပေါ်ပါက မပြန့်ပွားနိုင်ရေးအတွက် ကြိုတင်သတိပြုဆောင်ရွက်နိုင်စေရေးအတွက် ယခုအခါ ရာသီတုပ်ကွေးများ ဖြစ်ပွားနေသဖြင့် ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးချောင်းဆိုးဖြစ်ခြင်း ခံစားနေရသူများသည် အခြားသူများသို့ မကူးစက်စေရန် ရိုးရိုးခွဲစိပ်ခန်းသုံး နှာခေါင်းစည်းများ တပ်ဆင်ထားကြရန်နှင့် လက်ကို မကြာခဏ ဆေးကြော ခြင်းဖြင့် တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် အထူးဂရုပြုနေထိုင်ကြရန် မှာကြားပါသည်။
ထို့နောက် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစောမင်းသူက သဘာဝဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက််ထားရှိမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးပြီး ဓနုဖြူမြို့ စည်ပင်တာ အဆင့်မြှင့်တင်ခြင်းအတွက် ငွေကျပ် သိန်း (၂၄၀)၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေးတွင် အသုံးပြုရန်အတွက် ဖိုက််ဘာစက်တပ်လှေ (၃) စီးနှင့် အသက်ကယ်အကျီ င်္(၃၀) ထည်အတွက် (၆၉) သိန်း၊ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်း (၄၀၀) ခုနှင့် ဆပ်ပြာ (၂၀၀) ပိုင်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့ ရတနာသိင်္ဂီကျောင်းတိုက်သို့ ရောက်ရှိကြပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များပြောင်းရွှေ့ခဲ့ကြရသည့် မိသားစု (၁၂၅) စု၊ လူဦးရေ (၅၅၈) ဦးတို့ကို တွေ့ဆုံအားပေးစကားပြောကြားပြီး လတ်တလောစားသုံးရန်အတွက် ဆန်ရိက္ခာ (၁) ပတ်စာထောက်ပံ့ငွေ (၁၁၇၁၈၀၀) ကျပ်၊ တစ်အိမ်ထောင်လျှင် အိမ်ပြောင်းရွှွေ့စရိတ် (၁) သိန်းနှုန်းဖြင့် (၁၂၅) သိန်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၁၂၅) ပုံးနှင့် နှာခေါင်းစည်း (၄၀၀) ခု၊ ဆပ်ပြာ (၂၀၀) ပိုင်း၊ ဖိုက်ဘာစက်တပ်လှေ (၃) စီးနှင့် အသက်ကယ်အကျီ င်္(၃၀) ထည်အတွက် (၆၉) သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က (၂၉-၇-၂၀၁၇) ရက်နေ့ ထောက်ပံ့ငွေစုစုပေါင်းမှာ ကျပ် (၅၄၁၄၆၈၀၀) ဖြစ်ကြောင်း သိရှိရပါသည်။