Author Archives: Thandar Aung
-
မီးဘေးထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၇)နေ့တွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ စက်မှုဇုန် မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ခြေ (၁ )အိမ်ထောင်စု (၁) စု လူဦးရေ (၁) အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/- )နှင့်ကယ်ဆယ်ရေး ပစ္စည်း (၂၂) မျိုး (၁)စုစာအား (၇.၈.၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ကြောင်းသတင်းရရှိပါသည်။Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ် များဖြစ်ပွားလာပါက ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဟိုပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်မှုသတင်း
ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်ချက်အရ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး အိမ်ထောင်စု (၅၀)စု အား (၃.၈.၂၀၁၇)ရက်နေ့တွင် ဟိုပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ New Zealand Embassy မှ Ms Virginia Dawson (Head of Development Cooperation) နှင့်အဖွဲ့လာရောက်လေ့လာမှုသတင်း
(၄-၈-၂၀၁၇) ရက်နေ့တွင် New Zealand Embassy မှ Ms Virginia Dawson (Head of Development Cooperation) နှင့် Ms Courtney Rose (Development Officer) တို့သည် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ လာရောက်လေ့လာခဲ့ရာ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းစန္ဒာကြည် က လိုက်လံရှင်းလင်းပြသပြီး သိလိုသည်များအား ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
သာပေါင်းမြို့နယ်အတွင်း မြစ်ရေကြီးမှုကြောင့် ရေဝင်အဆင့်ထိုးနေထိုင်သည့် ရေဘေးသင့်ပြည်သူများနှင့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်သည့် ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများ လွှဲပြောင်းထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်အတွင်း မြစ်ရေကြီးမှုကြောင့် ရေဝင်အဆင့်ထိုးနေထိုင်သည့် ရေဘေးသင့်ပြည်သူများနှင့် ကယ်ဆယ်ရေးစခန်းများသို့ပြောင်းရွှေ့နေထိုင်သည့် ရေဘေးသင့်ပြည်သူ (၇၆၂) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၆၀၀၂၀၀) ကျပ်အား (၃-၈-၂၀၁၇) ရက်နေ့တွင် သာပေါင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရေကြည်မြို့နယ်အတွင်း ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ််ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁၁) ဦးအတွက် (၂၂) မျိုးပါ Family Kits (၁) ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ (၂၃၁၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း(၁၂၃၁၀၀) ကျပ်နှင့် ရေကြည်မြို့နယ်၊ ဝက်ရုပ်ကျေးရွာအုပ်စု၊ ကညင်ငူကျေးရွာတွင် လေပြင်းတိုက်ခတ်၍ သစ်ပင်ပြိုလဲမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ … Read more
-
မြန််မာနိုင်ငံလူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
(၃-၈-၂၀၁၇) ၊ နေပြည်တော် မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးကို (၃-၈-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အစိုးရအဖွဲ့သစ် စတင်တာဝန်ယူကတည်းက လူငယ့်ရေးရာမူဝါဒပေါ်ထွက်လာစေရေး မိမိတို့အနေဖြင့် ရက် (၁၀၀) စီမံချက်တွင် ထည့်သွင်းအကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ပါကြောင်း၊ မူဝါဒပေါ်ထွန်းလာစေရေးအတွက် မူကြမ်းရေးဆွဲရေး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းသော … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင််ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၇)နေ့တွင် နောင်ချိုမြို့နယ်၊ လုံရုံးကျေးရွာအုပ်စုတွင် သဘာဝဘေးအသိ ပညာပေးဟောပြောဆွေးနွေးခြင်း သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ပြည်သူ (၂၅၀)ဦးတက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ကျောက်မဲခရိုင််ဦးစီးမှူးရုံး (ကဆရ)
-
လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံအား ကြည့်ရှုစစ်ဆေးမှုသတင်း
လပွတ္တာခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက ဘေးသင့်ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများ အချိန်မီထောက်ပံ့နိုင်ရေးနှင့် လိုအပ်သည်များ စီမံကွပ်ကဲမှုပြုလုပ်ပေးနိုင်ရေးအတွက် လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များသည် (၂-၈-၂၀၁၇) ရက်နေ့တွင် လပွတ္တာခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ ကယ်ဆယ်ရေးပစ္စည်းများထားရှိရာ သိုလှောင်ရုံအား စစ်ဆေးခဲ့ရာ လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်းများ ထားရှိမှုနှင့် သဘာဝဘေးဖြစ်ပေါ်လာပါက ဘေးသင့်ပြည်သူများထံသို့အချိန်မီထောက်ပံ့နိုင်ရေး စီမံထားရှိမှုအခြေအနေတို့အား ရှင်းပြခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှလည်း လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု (၁၄) မိုင်နေ လေဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
(၁၇-၇-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ဘန်းကချွန်းကျေးရွာအုပ်စု (၁၄) မိုင်၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံးပြိုလဲပျက်စီးခဲ့ရာ အဆိုပါနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၂၆၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၂၁၂၆၀၀) ကျပ်တိတိအား ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘန်းကချွန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ (၃၁-၇-၂၀၁၇) ရက်နေ့၊ (၁၈းဝ၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စာတမ်းဖတ်ပွဲ (၆/၂၀၁၇)ကျင်းပပြုလုပ်မှုသတင်း
(၁-၈-၂၀၁၇)၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်း ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး အစီအစဉ် များအတွက် ဆန်းစစ်လေ့လာခြင်းစာတမ်း(၆/၂၀၁၇)ကို ဖတ်ကြားရာ ဆန်းစစ်တွေ့ရှိချက် များအရ Facebook လူမှုကွန်ယက်မီဒီယာသည် အချိန်တိုအတွင်း ပညာပေးမှုကို ပြန့်နှံ့ အောင် ဆောင်ရွက်နိုင်ကြောင်း၊ ရုပ်မြင်သံကြားနှင့်ရေဒီယိုများ၊ သတင်းစာ၊ ဂျာနယ်၊ လက်ကမ်းစာစောင်များ၊ ဟောပြောပွဲများ၊ အသိပညာပေးသင်တန်းများ၊ ကျောင်းသင်ခန်းစာ များတွင် ထည့်သွင်းသင်ကြားခြင်း စသည်တို့သည်လည်း အစဉ်အလိုက်အသိပညာပေးမှု များကို ပြန့်နှံ့စွာ ဆောင်ရွက်နိုင်ကြောင်း တင်ပြဆွေးနွေး ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက … Read more
