Author Archives: Thandar Aung

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၈.၂၀၁၇) ရက်နေ့ ညောင်လေးပင်မြို့နယ်၊ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်၊မင်းလမ်းတွင်ဖြစ်ပွားသောမီးဘေးအတွက် အိမ်(၂)လုံးထောက်ပံ့ငွေ (၄)သိန်း၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး(၁၂၆၀၀)ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးပါ ပလက်စတစ်ပုံး(၂)အိမ်ထောင်စာ၊ family kits (၂)ပုံး၊တို့အား (၁.၉.၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၁.၈.၂၀၁၇)ရက်နေ့ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်တွင်လေပြင်းတိုက်ခတ်ပီး သစ်ပင်ပြိုလဲမှုကြောင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၀၀၀၀)၊ လူဦးရေ (၁၄)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာ (၂၅၄၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂)အိမ်ထောင်စာအား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်သည် (၃၁-၈ -၂၀၁၇)ရက်နေ့ ၁၁း၃၀နာရီတွင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦ စီးဌာန၊ ရက်ကန်း ကျောင်း(စစ်တွေ)သို့သွား ရောက်ပြီး သင်တန်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ ပြီး ရခိုင်ပြည်နယ်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအ တွက် ရက်ကန်းစင် (၇)လုံး ပြုပြင်ရန် ထောက်ပံ့ငွေ (၇)သိန်းအား ရက်ကန်းစက်ကျောင်း (စစ်တွေ ) သို့ ပေးအပ်ထောက်ပံ့ခဲ့ပါသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးခရိုင်၊ကလေးဝမြို့နယ်၊ဆင်ခေါင်းကျေးရွာအုပ်စု၊ ကျွဲနံကျေးရွာတွင်(၂၇-၈-၂၀၁၇) နေ့၌ ချင်းတွင်းမြစ်ကမ်းပါးဘေးရှိ နေအိမ်(၁)လုံးသည် မြစ်ကမ်းပါးပြို ကျနိုင်သည့် အခြေအနေကြုံတွေ့ရသဖြင့် နေအိမ်(၁) လုံး၊အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁)ဦး သည်ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့မှုကြောင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ (၁၀၀၀၀၀ိ/-)နှင့်အတူဆန်ရိက္ခာဘိုးငွေ (၂၁၀၀ိ/-)စုစုပေါင်း (၁၀၂၁၀၀ိ/-)တိတိအား (၃၁-၈-၂၀၁၇) နေ့တွင် ကလေးဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း မ၌ ပြောင်းရွှေ့ အိမ်ထောင်စုထံကလေးဝမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူထောက်ပံ့ပေးအပ်ခဲ့ပါ သည်။Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ရခိုင်ပြည်နယ်အတွင်းဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များမှ အလှူငွေများ ပေးအပ်မှုသတင်း

    ၃၀-၈-၂၀၁၈ ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စေတနာရှင်၊ လုပ်ငန်းရှင်များမှ အလှူငွေကျပ် သိန်း(၄၀၀)၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များမှ အလှူငွေကျပ် သိန်း(၃၀၀)နှင့် (၂၆၂)သိန်း တန်းဖိုးရှိ လူသုံးကုန်ပစ္စည်းများ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ကျောင်းသား/ကျောင်းသူဟောင်းများ အသင်းမှ အလှူငွေကျပ် သိန်း(၁၀၀)၊ ဝိသာခါဖောင်ဒေးရှင်းမှ အလှူငွေကျပ် သိန်း(၁၀၀)၊ ဦးလှသက်မောင်+ပါမောက္ခဒေါက်တာဌေးဌေးတင်မှ ကျပ်သိန်း(၂၀)နှင့် ဒေါက်တာ နွေ့နွေ့အောင်တို့က ကျပ်သိန်း(၂၀)တို့ကို ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ရန်ကုန်လေဆိပ်ဧည့်ခန်းမဆောင်တွင် ယနေ့လက်ခံရယူပြီး … Read more

  • မောင်တောခရိုင်အတွင်းရှိ မင်းကြီးနှင့် တမန်းသားကျေးရွာများရှိ ဒေသခံတိုင်းရင်းသားများအား စားနပ်ရိက္ခာများထောက်ပံ့မှုသတင်း

    စစ်တွေ   သြဂုတ်   ၃၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန််ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန််ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင် တို့ဦးဆောင်သော အဖွဲ့သည် (၃၀-၈-၂၀၁၇) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် မောင်တောမြို့နယ်အတွင်းရှိ တိုင်းရင်းသားများနေထိုင်သည့် မင်းကြီးရွာနှင့် တမန်းသားကျေးရွာများသို့ သွားရောက်ကာ ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး နှစ်သိမ့်စကားပြောကြားပြီး လိုအပ်သော စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးအပ်ခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းကြီးကျေးရွာသို့ ရောက်ရှိပြီး တိုင်းရင်းသား ပြည်သူများနှင့် … Read more

  • ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ကမ်းပြိုဘေးနှင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဇရပ်နီကျေးရွာ၌ (၂၅-၈-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့သည့် ဘေးသင့်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၁၅၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု (၄)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၄၃၁၅၀၀) ကျပ်နှင့် ရေစကြိုမြို့နယ်၊ အမှတ် ၁,၂,၈ ရပ်ကွက်တို့၌ မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့သည့် … Read more

Sign Up

Upcoming Events