လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးခရိုင်၊ကလေးဝမြို့နယ်၊ဆင်ခေါင်းကျေးရွာအုပ်စု၊ ကျွဲနံကျေးရွာတွင်(၂၇-၈-၂၀၁၇) နေ့၌ ချင်းတွင်းမြစ်ကမ်းပါးဘေးရှိ နေအိမ်(၁)လုံးသည် မြစ်ကမ်းပါးပြို ကျနိုင်သည့် အခြေအနေကြုံတွေ့ရသဖြင့် နေအိမ်(၁) လုံး၊အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁)ဦး သည်ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့မှုကြောင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ (၁၀၀၀၀၀ိ/-)နှင့်အတူဆန်ရိက္ခာဘိုးငွေ (၂၁၀၀ိ/-)စုစုပေါင်း (၁၀၂၁၀၀ိ/-)တိတိအား (၃၁-၈-၂၀၁၇) နေ့တွင် ကလေးဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း မ၌ ပြောင်းရွှေ့ အိမ်ထောင်စုထံကလေးဝမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူထောက်ပံ့ပေးအပ်ခဲ့ပါ သည်။Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)