တောင်တွင်းကြီးမြို့နယ်၊ ပေပင်ယားအုပ်စု၊ ကျောင်းတော်ရာကျေးရွာနေ မိုးကြိုးပစ်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

31_pic01
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပေပင်ယားအုပ်စု၊ ကျောင်းတော်ရာကျေးရွာနေ ဦးနေမျိုးအောင် (၂၃) နှစ်သည် (၂၇-၈-၂၀၁၇) ရက်နေ့၊ (၁၉းဝဝ) နာရီအချိန်ခန့်တွင် ယာခင်းထဲ၌ နှမ်းထောင်စောင့်နေရာမှ မိုးကြိုးထိမှန်သေဆုံးခဲ့ရာ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ထောက်ပ့ံငွေ (၃) သိန်းကျပ်တိတိကို ကျန်ရစ်သူမိခင်ထံသို့ (၃၁-၈-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events