Author Archives: Thandar Aung

  • “ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ ” အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၀-၂၀၁၇) ရက်နေ့တွင် မုံရွာမြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ “ အပြည်ပြည်ဆိုင်ရာ သဘာ၀ ဘေးလျော့ပါးရေးနေ့ ” အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး လူမှုရေးဝန်ကြီးမှ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြား ၍ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင်ဆုရ ကျောင်းသား/သူများကိုဆုချီးမြှင့်ခြင်း၊ဓာတ်ပုံမှတ်တမ်းများ အားလှည့်လည်ကြည့်ရှုခြင်းများကို အခမ်းအနား အစီအစဉ်အတိုင်း ကျင်းပခဲ့ရာ(၁၀း၀၀)နာရီအချိန်တွင် အခမ်းအနား ပြီးဆုံးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ဝန်ကြီးများ၊တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ၊ NGO … Read more

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပြည်ခရိုုင်ဦးစီးမှူးရုံး မှတာဝန်‌ရှိသူများသည် (၁၆-၁၀-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု ရွှေတောင်စုကျေးရွာ တွင် (၁၀-၁၀-၂၀၁၇) ရက်နေ့ ကမ်းပြိုရွှေ့ပြောင်း နေအိမ် (၉)လုံး အတွက် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၉၀၀၀၀၀) ကျပ် အား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ဖျာပုံခရိုုင်ဦးစီးမှူးရုံး မှတာဝန်‌ရှိသူများသည် (၁၆-၁၀-၂၀၁၇)ရက်နေ့တွင် ဖျာပုံခရိုင်၊‌ဘိုက‌လေးမြို့၊ မြို့ တော်‌ခန်‌းမတွင်‌ World Vision နှင်‌့ပူး‌ပေါင်‌း၍အပြည်‌ပြည်‌ဆိုင်‌ရာ သဘာဝ‌ဘေး‌လျော့ပါး‌ရေး‌နေ့ အခမ်‌းအနား ကိုကျင်‌းပခဲ့ရာ မြို့နယ်‌အုပ်‌ချုပ်‌‌ရေးမှူးမှ အဖွင်‌့အမှာစကား‌ပြေကြားပြီး ဖျာပုံခရိုင်‌ဦးစီးမှူးမှ ဌာန‌ဆောင်‌ရွက်‌ချက်‌များ ရှင်‌းလင်‌းခဲ့ပြီး World Vision မှ စီမံကိန်‌းမန်‌‌နေဂျာမှ သဘာဝ‌ဘေးလုပ်‌ငန်‌း‌ဆောင်‌ရွက်‌ချက်‌များ ရှင်‌းလင်‌းခဲ့ကြောင်း သတင်း ရရှိပါသည်။Source: ဖျာပုံခရိုုင်ဦးစီးမှူးရုံး (ကဆရ)

  • မြဝတီမြို့အမှတ်(၁)ရပ်ကွက် မီးဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    (၁၂-၁၀-၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၀၂းဝဝ) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်၊ နှင်းဆီလမ်း၌ (၁၀-၁၀-၂၀၁၇) ရက်နေ့၊ ည (၁၁းဝဝ) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှ ကျား (၂၇) ဦး၊ မ (၂၂) ဦး၊ စုစုပေါင်း (၄၉) ဦးအား ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀၂၉၀၀) … Read more

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊မြောင်းမြခရိုင်ဦးစီးမှူးရုံး မှတာဝန်‌ရှိသူများသည် (၁၄-၁၀-၂၀၁၇)ရက်နေ့တွင် မြောင်းမြခရိုင် ဝါးခယ်မမြို့ နယ်အထက်ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းနေအိမ် (၆) လုံးအိမ်ထောင်စု(၆)စု အတွက်အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀)နှင့်ဆန်ရိက္ခာဖိုး (၈၄၀၀၀)စုစုပေါင်း (၆၈၄၀၀၀) အားသွားရောက် ထောက်ပံ့ ခဲ့ပါသည်။Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events