ရခိုုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးများ ပါဝင်သော ပြည်ထောင်စုစီမံကိန်း၊ (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine – UEHRD) ကို အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံချက် စတင်ဆောင်ရွက်

IMG_1851 IMG_1810
စစ်တွေ အောက်တိုဘာ ၁၆

ရခိုုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးများ ပါဝင်သော ပြည်ထောင်စုစီမံကိန်း၊ (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine – UEHRD) ကို အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်တို့နှင့်အတူ မောင်တောမြို့နယ် လောင်းဒုံ၊ ဘဒကား၊ ပန်းတောပြင် ကျေးရွာများသို့သွားရောက်၍ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အထောက်အပံ့များ ဖြစ်သည့် စားနပ်ရိက္ခာပစ္စည်းများ ပေးအပ်ခြင်း၊ ပြန်လည်နေရာချထားရေးအတွက် အိမ်ရာများ စတင် ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၆-၁၀-၂၀၁၇) ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်တွေ လေဆိပ်မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာရာ မွန်းလွဲ ၁ နာရီခွဲတွင် မောင်တောမြို့မြောက်ပိုင်း မြိုတိုင်းရင်းသားများနေထိုင်ရာ လောင်းဒုံ(နတလ)ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံမြိုတိုင်းရင်သားများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မိ်မိတို့ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့တို့သည် တိုင်းရင်းသားများအတွက် စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ လိုအပ်သည့်နေရာများတွင် နေအိမ်များ တည်ဆောက်၍ ပြန်လည်နေရာချထားပေးရန် ဖြစ်ကြောင်း၊ လူနည်းစုတိုင်းရင်းသားများ၏ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအပါအဝင် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးမည်ဖြစ်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်ထောင်စုစီမံကိန်းတွင် လုပ်ငန်း ၃ ခုချမှတ်ဆောင်ရွက်ရန်ရှိကြောင်း၊ အဆိုပါ ကဏ္ဍ ၃ ရပ်တွင် စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများပါ၀င်ကြောင်း၊ ယင်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသနေပြည်သူများက ၀ိုင်းဝန်းပါ၀င်ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့််အဖွဲ့သည် ဒေသခံမြိုတိုင်းရင်းသားများအတွက် ဆန်အိတ် ၂၉၀၊ ဆီ ၉၇ ပုံး၊ ပဲ ၁၈ အိတ်၊ ဆား ရ အိတ်၊ ကြက်သွန်နီ ၄၈ အိတ်၊ အာလူး ၄၈ အိတ်၊ ငရုတ်သီးခြောက် ၅ အိတ်၊ နို့မှုန့် ထုတ်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုတိုင်းရင်းသားများနေထိုင်ရာ ခုံတိုင်ကျေးရွာနေ မြိုတိုင်းရင်းသားများအတွက် နတလရွာသစ် တည်ဆောက်ပေးရန် အိမ်ရာ ပန္နက်ရိုက်ပွဲသို့ တက်ရောက်၍ အိမ်ရာသစ် ပန္နက်တိုင်ကို စိုက်ထူပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့နယ် အစ္စလာမ် ဘာသာဝင်များနေထိုင်ရာ ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံကာ ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ကြက်သွန်နီ၊ အာလူး၊ ငရုတ်သီးခြောက်နှင့် နို့မှုန့်ထုပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတောပြင်ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရွေ့လျားဆေး ကုသအဖွဲ့နှင့်တွေ့ဆုုံပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

Sign Up

Upcoming Events