လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (၁၂)ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာဆီယံအစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မှု အစည်းအဝေးတက်ရောက်ဖွင့်လှစ်မှုသတင်း

၁၇.၁၀.၂၀၁၇၊ ရန်ကုန်
အာဆီယံ Blue Print ပါ အသိုက်အဝန်းကြီး (၃)ရပ်အနက်မှ အာဆီယံလူမှု အသိုက်အဝန်းအကြား လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ အပြန်အလှန် ဆက်သွယ်မှု ကူညီဆောင်ရွက်မှုများ အားကောင်းခိုင်မာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် 12th ASEAN GO-NGO Forum on Social Welfare and Development အစည်းအဝေးနှင့် ASEAN အဆင့်မြင့်အရာရှိကြီးများ ဆက်စပ်အစည်းအဝေး များကို ရန်ကုန်၊ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တက်ရောက်ဖွင့်၍ အဖွင့်စကား ပြောကြားခဲ့ပါသည်။
အစည်းအဝေးဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၏ လူမှုကာကွယ် စောင့်ရှောက် ရေး ဆောင်ရွက်နေမှုများ၊ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံအတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းပေါင်း (၃၃၂)ဖွဲ့နှင့် ဒေသကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးမှုများ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ အလားတူ အာဆီယံဒေသတွင်းရှိ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး၊ နိုင်ငံအလိုက်၊ ဒေသအလိုက် ပူးပေါင်းဆောင်ရွက်နိုင်သည့် Project စီမံကိန်းများ ထွက်ပေါ်လာစေရေးအတွက် ဦးတည်ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးကို “Strengthening Social Protection to Address Challenges “ ဟူသော ခေါင်းစဉ်ဖြင့် သက်မှတ်ထားရှိပြီး ဒေသတွင်း အစိုးရဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များမှ နွေးထွေးပွင့်လင်းစွာ ဆွေးနွေးပေးကြဖို့ တိုက်တွန်းပြောကြား ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံဒေသတွင်း (၁၀)နိုင်ငံမှ အစိုးရနှင့်အရပ်ဘက် အဖွဲ့အစည်းများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိ ကိုယ်စားလှယ်စုစုပေါင်း (၇၉)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events