(၁၄-၁၀-၂၀၁၇) ရက်နေ့ မတ္တရာမြို့နယ် သပြေချောင်း၊ ရှားစေးချက်၊ ကျွဲကျ၊ အုတ်တိုက်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်လူဦးရေ (၆၂၀) ဦးအတွက် ဆန်ရိက္ခာဖိုးကျပ်ငွေ (၃) ရက်စာ (၅၅၈၀၀၀) ကျပ်တိတိနှင့် မိုးကြိုးကျေးရွာ ကမ်းပြိုဘေးကြိုတင်ဖျတ်သိမ်းပြေားရွှေ့အိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး စုစုပေါင်းကျပ်ငွေ (၁၁၀၅၀၀) တိတိ၊ သောက်ရေသန့်ကဒ် (၆၀) ကဒ်နှင့် ရေသန့်ဆေးဖာ (၂) ဖာတို့ကိုလည်းကောင်း၊
(၁၄-၁၀-၂၀၁၇) ရက်နေ့ စဉ့်ကူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ (၁၇) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်ငွေ (၁၇၀၀၀၀၀) တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ တစိတ်တပိုင်းပျတ်စီးအိမ်ခြေ(၆)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ်ငွေ(၆၀၀၀၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဘေးသင့်လူဦးရေ(၉၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ကျပ်ငွေ(၂၀၃၇၀၀)တိတိတို့ကို မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် (၁၆-၁၀-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့့ံခဲ့ကြောင်း သိရှိရပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)