“ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ ” အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်မှုသတင်း

17PIc-02ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၀-၂၀၁၇) ရက်နေ့တွင် မုံရွာမြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ “ အပြည်ပြည်ဆိုင်ရာ သဘာ၀ ဘေးလျော့ပါးရေးနေ့ ” အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး လူမှုရေးဝန်ကြီးမှ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြား ၍ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင်ဆုရ ကျောင်းသား/သူများကိုဆုချီးမြှင့်ခြင်း၊ဓာတ်ပုံမှတ်တမ်းများ အားလှည့်လည်ကြည့်ရှုခြင်းများကို အခမ်းအနား အစီအစဉ်အတိုင်း ကျင်းပခဲ့ရာ(၁၀း၀၀)နာရီအချိန်တွင် အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ဝန်ကြီးများ၊တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ၊ NGO / INGO အဖွဲ့အစည်းများမှကိုယ်စားလှယ် များ၊ ကျောင်းသား/သူ များ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း အင်အား (၂၅၀)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events