(၁၂-၁၀-၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၀၂းဝဝ) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်၊ နှင်းဆီလမ်း၌ (၁၀-၁၀-၂၀၁၇) ရက်နေ့၊ ည (၁၁းဝဝ) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှ ကျား (၂၇) ဦး၊ မ (၂၂) ဦး၊ စုစုပေါင်း (၄၉) ဦးအား ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀၂၉၀၀) ကျပ် ၊ ပျက်စီးဆုံးရှုံးခဲ့သော အိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁) အိမ်လျှင် (၂၀၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၈၀၀၀၀၀) ကျပ်တိတိကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူ ထောက်ပံ့ခဲ့ကြောင်း သိရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)