Author Archives: Thandar Aung

  • သထုံမြို့နယ်၊ ထိန်ပင်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၀-၂၀၁၇) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ ထိန်ပင်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၂၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ၄င်းနောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးနှင့် မိုကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများအား တက်ရောက်လာသူများထံ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • နမ့်ဆန်မြို့နယ်၊ နမ္မဝေါရပ်ကွက်၊ အထက(၁) နဝရတ်ခန်းမဆောင်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    (၂၅-၁၀-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ) နာရီမှ (၁၁းဝဝ) နာရီထိ ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် နမ့်ဆန်မြို့နယ်၊ နမ္မဝေါရပ်ကွက်၊ အထက(၁) နဝရတ်ခန်းမဆောင်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲ၌ တာဝန်ရှိသူများက ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေးနှင့် မီးဘေး အစရှိသည့် ဘေးအန္တရာယ်များ၏ ဘေးမဖြစ်ပွားမီ ဖြစ်ပွားစဉ် ဖြစ်ပွားပြီးနောက် ဆောင်ရန် ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး DAN MOBILE APP အကြောင်းရှင်းလင်းဖြန့်ဝေပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား … Read more

  • ဇမ္ဗူသီရိမြို့နယ်၊ အ.လ.က(ခွဲ)၊ ဗလသိဒ္ဓိစာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြာပွဲ ကျင်းပပြုလုပ်မှုသတင်း

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ အ.လ.က(ခွဲ)၊ ဗလသိဒ္ဓိစာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြာပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၆၀) ဦးတို့တက်ရောက်ခဲ့ကြပါသည်။ တာဝန်ရှိသူများက တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်များ ဟောပြောခဲ့ပြီး ဂိမ်းကစားခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ၊ ဗလာစာအုပ်နှင့် ဘောလ်ပင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events