ကမ်းပြိုဘေးကြောင့် ကယ်ဆယ်ရေးရန်ပုံငွေများ ဆက်လက်ထောက်ပံ့ရန်ကျန်ရှိသည့် ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်အတွင်းရှိ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

25_pic02

ကမ်းပြိုဘေးကြောင့် ကယ်ဆယ်ရေးရန်ပုံငွေများ ဆက်လက်ထောက်ပံ့ရန်ကျန်ရှိသည့်

ညောင်တုန်းမြို့နယ်အတွင်းရှိ ရွာသာကြီးကျေးရွာနှင့် ဂန်ချောင်းကျေးရွာများမှ ကမ်းပြိုဘေးသင့် နေအိမ် (၂၅) လုံး အိမ်ထောင်စု (၂၅) အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၅၀၀,၀၀၀) ကျပ်၊ လူဦးရေ (၉၉) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၂၀၇,၉၀၀) ကျပ်ကိုလည်းကောင်း၊

ပန်းတနော်မြို့နယ်အတွင်းရှိ ရေပေါ်ကြီးကျေးရွာအုပ်စုနှင့် ကဿဝင်ကျေးရွာအုပ်စုတို့မှ ကမ်းပြိုဘေးသင့် နေအိမ် (၅၆) လုံး အိမ်ထောင်စု (၅၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅,၆၀၀,၀၀၀) ကျပ်၊ လူဦးရေ (၂၃၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၄၈၉,၃၀၀) ကျပ်ကိုလည်းကောင်း၊ ထောက်ပံ့ငွေစုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုး (၈,၁၀၀,၀၀၀) ကျပ်နှင့် စုစုပေါင်းလူဦးရေ (၃၃၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၉၇,၂၀၀) ကျပ်တိတိအား (၂၄-၁၀-၂၀၁၇) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events