ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ အ.လ.က(ခွဲ)၊ ဗလသိဒ္ဓိစာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြာပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၆၀) ဦးတို့တက်ရောက်ခဲ့ကြပါသည်။ တာဝန်ရှိသူများက တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်များ ဟောပြောခဲ့ပြီး ဂိမ်းကစားခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ၊ ဗလာစာအုပ်နှင့် ဘောလ်ပင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)