ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးအုပ်စု၊ ခုံကြီးကျေးရွာ၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

25_pic01

25_pic02

ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးအုပ်စု၊ ခုံကြီးကျေးရွာ၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာတို့၌ (၂၀-၁၀-၂၀၁၇) ရက်နေ့နှင့် (၂၃-၁၀-၂၀၁၇) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ ၁၆ လုံး၊ အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ရ၀ ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး ၁၆ အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၆၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၇၄၇၀၀၀) ကျပ်တို့ကို (၂၄-၁၀-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကယ်ဆယ်ရေး) မှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ် ဒုတိယဦးစီးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ပေးအပ်ထောက်ပံံခဲ့ကြောင်း သိရှိရပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events