ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို (၂၅-၁၀-၂၀၁၇) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်တွင် ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ဟုမ္မလင်းမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနယ်ပယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးနှင့်အတူ တက်ရောက်မည်ဖြစ်ပါသည်။ အဆိုပါ ဆင့်ပွားသင်တန်းကို (၂၅-၁၀-၂၀၁၇ ) နေ့မှ (၂၇-၁၀-၂၀၁၇) နေ့အထိ (၃) ရက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)