နမ့်ဆန်မြို့နယ်၊ နမ္မဝေါရပ်ကွက်၊ အထက(၁) နဝရတ်ခန်းမဆောင်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

25_pic01

(၂၅-၁၀-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ) နာရီမှ (၁၁းဝဝ) နာရီထိ ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် နမ့်ဆန်မြို့နယ်၊ နမ္မဝေါရပ်ကွက်၊ အထက(၁) နဝရတ်ခန်းမဆောင်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲ၌ တာဝန်ရှိသူများက ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေးနှင့် မီးဘေး အစရှိသည့် ဘေးအန္တရာယ်များ၏ ဘေးမဖြစ်ပွားမီ ဖြစ်ပွားစဉ် ဖြစ်ပွားပြီးနောက် ဆောင်ရန် ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး DAN MOBILE APP အကြောင်းရှင်းလင်းဖြန့်ဝေပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း (၃၀၀) ဦးတို့အား ဘေး(၆)မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events