ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၀-၂၀၁၇) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ ထိန်ပင်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၂၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ၄င်းနောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးနှင့် မိုကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများအား တက်ရောက်လာသူများထံ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)