Author Archives: Thandar Aung
-
ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့နယ်စုပေါင်းရုံး၌ “ဟားခါးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်ဆုံးနိုင်ခြေစမ်းစစ်ချက်ကောက်ယူရေး အစည်းအဝေး” ပြုလုပ်မှုသတင်း
================================================= Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၃၁-၁၀-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့နယ်စုပေါင်းရုံး၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးထားသော International Organization for Migration အဖွဲ့အစည်းနှင့်ပူးပေါင်း၍ “ဟားခါးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်ဆုံးနိုင်ခြေစမ်းစစ်ချက်ကောက်ယူရေး အစည်းအဝေး” အား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး စုစုပေါင်း (၅၈) ဦးတို့နှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ရခိုင်ပြည်နယ်တွင် UEHRD ၏ ဆောင်ရွက်ချက်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခေတ္တလက်ထောက်ဝန်ကြီး Mr. Simon Henshaw နှင့်အဖွဲ့အား ရှင်းလင်းပြောကြား
၃၁.၁၀.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဦးရေ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ ခေတ္တလက်ထောက်ဝန်ကြီး Mr. Simon Henshaw ဦးဆောင်သောအဖွဲ့အား (၃၁-၁၀-၂၀၁၇) ရက်နေ့၊ နေ့လည်ပိုင်းတွင် အဆိုပါ၀န်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ကိုယ်စား လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံသည် သြဂုတ် (၂၅) ရက်နေ့တွင် ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့၏အကြမ်းဖက်မှုဖြစ်စဉ်များကို ပြင်းထန်စွာရှုံ့ချခဲ့မှု၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မူဆလင် ၆၀၀,၀၀၀ ခန့် ရွှေ့ပြောင်း ခိုလှုံခြင်းသည် … Read more
-
UEHRD စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး မိမိဆန္ဒအလျောက် နေရပ် ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်
၃၁.၁၀.၂၀၁၇ ၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD)၏ လုပ်ငန်းစဉ် တစ်ခုဖြစ်သော ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိ နေသူများအား ပြန်လည်ခေါ်ယူ ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် အတွက် “မိမိဆန္ဒအလျောက်နေရပ် ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး … Read more
-
တောင်ကြီးမြို့ အဝေရာမီးပျံကွင်း၌ မီးပုံးပျံပျက်ကျသဖြင့် ဒဏ်ရာရရှိသူ (၈) ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= ၃၀-၁၀-၂၀၁၇ ရက်နေ့၊ (၂၀:၄၅) နာရီအချိန််တွင် တောင်ကြီးမြို့ အဝေရာမီးပျံကွင်း၌ မီးပုံးပျံပျက်ကျသဖြင့် ဒဏ်ရာရရှိသူ (၈) ဦးအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တစ်ဦးလျှင် ၅ သောင်းနှုန်းဖြင့် ထောက်ပံ့ငွေ (၄၀၀၀၀၀) ကျပ်တိတိအား (၃၁-၁၀-၂၀၁၇) ရက်နေ့၊ နေ့လည်ပိုင်းတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ဥတ္တရသီရိမြို့နယ် အ.လ.က ပိုတက်စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) ================================================= ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ် အ.လ.က ပိုတက်စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူ (၁၇၈) ဦးတို့အား သဘာဝဘေးနှင့်ပတ်သတ်ပြီး ရှောင်ရန်/ဆောင်ရန်များ ဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဝေငှခြင်းနှင့် ဂိမ်းကစားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ ဗားမဏီးကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ ဗားမဏီးကျေးရွာ၌ ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးသင့် နေအိမ် ၅ လုံး အိမ်ထောင်စု ၅ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀,၀၀၀) ကျပ်၊ လူဦးရေ ၁၉ ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၃၉၉၀၀) ကျပ်၊ စုစုပေါင်း (၅၃၉,၉၀၀) ကျပ်တိတိကို မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ (၃၁-၁၀-၂၀၁၇) ရက်နေ့တွင် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း … Read more
-
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပါလှဲ့ကုန်းကျေးရွာ၌ (၂၇-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ ၂ ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၄၂၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ (၁၀၄,၂၀၀) ကျပ်တိတိအားလည်းကောင်း၊ ရေလဲကျေးရွာ၌ (၂၉-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် … Read more
-
သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ စပါယ်မြောင်ကျေးရွာအုပ်စု၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၇) ရက်နေ့တွင် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ စပါယ်မြောင်ကျေးရွာအုပ်စု၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့် ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရန် ရှောင်ရန်များအား ဆွေးနွေးဟောပြောပြီး တက်ရောက်လာသည့် ကျေးရွာသူ/သားများနှင့် ကျောင်းသား/သူ (၂၅၀) ဦးထံ လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၉-၁၀-၂၀၁၇) ရက်နေ့၊ ညပိုင်းတွင် တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၌ မီးလောင်မှုကြောင့် ဘေးဒုက္ခကြုံတွေ့ခဲ့ရသော အိမ်ခြေ ၆ လုံး အိမ်ထောင်စု ၄ စု လူဦးရေ ၁၅ ဦး သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၃ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၂၂ မျိုးအိမ်ထောင်စု ၄ စုစာ၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကျပ် (၁၁)သိန်း၊ နာရေးထောက်ပံ့ငွေကျပ် (၃) သိန်း၊ ဒဏ်ရာရထောက်ပံ့ငွေ (၁) သိန်းခွဲ၊ ဆန်ဘိုးထောက်ပံ့ငွေ (၃၁၅၀၀) ကျပ်၊ စုစုပေါင်း (၁၅၈၁၅၀၀) … Read more
-
ဘေးအန္တရာယ်များကိုကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရေး မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား
၃၀-၁၀-၂၀၁၇၊ နေပြည်တော် မြန်မာသဘာဝဘေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းအဖွဲ့ (Myanmar Consortium for Capacity Development on Disaster Management-MCCDDM) ၏ လုပ်ငန်းဆောင်ရွက်မှု ပြီးမြောက်ခြင်းအခမ်းအနားကို (၃၀-၁၀-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ဟိုတယ်ဇုံရှိ Horizon Lake View Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးနှင့်ပတ်သက်ပြီး ပိုမို ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တခု ဖြစ်ပေါ်လာစေရေး မူဝါဒချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက် … Read more
