မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

31_pic01

31_pic02

=================================================
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================

မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပါလှဲ့ကုန်းကျေးရွာ၌ (၂၇-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ ၂ ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၄၂၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ (၁၀၄,၂၀၀) ကျပ်တိတိအားလည်းကောင်း၊

ရေလဲကျေးရွာ၌ (၂၉-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ ၁၀ ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၂၁၀၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ (၁၂၁,၀၀၀) ကျပ်တိတိအားလည်းကောင်း၊

ဂန်ချောင်းကျေးရွာ၌ (၂၈-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၄) လုံး အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၀၀,၀၀၀) ကျပ်၊ လူဦးရေ ၁၉ ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၃၉၉၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ (၄၃၉,၉၀၀) ကျပ်တိတိအားလည်းကောင်း၊

(၃၁-၁၀-၂၀၁၇) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events