=================================================
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ ဗားမဏီးကျေးရွာ၌ ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးသင့် နေအိမ် ၅ လုံး အိမ်ထောင်စု ၅ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀,၀၀၀) ကျပ်၊ လူဦးရေ ၁၉ ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၃၉၉၀၀) ကျပ်၊ စုစုပေါင်း (၅၃၉,၉၀၀) ကျပ်တိတိကို မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ (၃၁-၁၀-၂၀၁၇) ရက်နေ့တွင် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။