(၂၉-၁၀-၂၀၁၇) ရက်နေ့၊ ညပိုင်းတွင် တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၌ မီးလောင်မှုကြောင့် ဘေးဒုက္ခကြုံတွေ့ခဲ့ရသော အိမ်ခြေ ၆ လုံး အိမ်ထောင်စု ၄ စု လူဦးရေ ၁၅ ဦး သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၃ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၂၂ မျိုးအိမ်ထောင်စု ၄ စုစာ၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကျပ် (၁၁)သိန်း၊ နာရေးထောက်ပံ့ငွေကျပ် (၃) သိန်း၊ ဒဏ်ရာရထောက်ပံ့ငွေ (၁) သိန်းခွဲ၊ ဆန်ဘိုးထောက်ပံ့ငွေ (၃၁၅၀၀) ကျပ်၊ စုစုပေါင်း (၁၅၈၁၅၀၀) ကျပ်တိတိအား (၃၀-၁၀-၂၀၁၇) ရက်နေ့တွင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကွင်းဆင်းထောက်ပံ့ရေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)