ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၇) ရက်နေ့တွင် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ စပါယ်မြောင်ကျေးရွာအုပ်စု၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့် ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရန် ရှောင်ရန်များအား ဆွေးနွေးဟောပြောပြီး တက်ရောက်လာသည့် ကျေးရွာသူ/သားများနှင့် ကျောင်းသား/သူ (၂၅၀) ဦးထံ လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)