Author Archives: Thandar Aung

  • ပုသိမ်မြို့ပေါ်ရှိ အမှတ်(၇)ရပ်ကွက်၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    ================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၇) ရက်နေ့တွင် ပုသိမ်မြို့ပေါ်ရှိ အမှတ်(၇)ရပ်ကွက်၌ သဘာဝဘေးကြိုတင် ပြင်ဆင်ရေးလုပ်ငန်းစဉ်ဖြစ်သည့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့များနှင့်အတူ ပြည်သူလူထု (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်၊ ကမ်းနားလမ်း မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၅-၁၁-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်၊ ကမ်းနားလမ်း ဖြတ်လမ်း (၇) နှင့် ဖြတ်လမ်း(၈)တို့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးအိမ် ခြေ (၁၆) လုံးမှ (၁၆) အိမ်ထောင်စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် ဆော်ဒီစောင်(၁၆)ထည်တို့အား (၅-၁၁-၂၀၁၇)ရက်နေ့တွင်လည်းကောင်း၊ လုံးဝပျက်စီးအိမ်ထောင်စု(၁၆)စုမှ လူဦးရေ(၇၀)ဦးနှင့် လူနေထိုင်သည့်ငါး/ပုဇွန်ဒိုင်(၂)ခုမှ လူဦးရေ(၆)ဦး စုစုုပေါင်းလူဦးရေ (၇၆) ဦးအတွက် ဆန်ရိက္ခာဖိုး(၁၅၉၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ လုံးဝပျက်စီးအိမ်ခြေ (၁၆) လုံးအတွက်(၂၁၀၀၀၀၀) ကျပ်နှင့် မီးဘေးတားကြိုတင်ဖျက်သိမ်းအိမ်ခြေ (၆) … Read more

  • ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၈-၁၁-၂၀၁၇) ရက်နေ့၊ (၁၉းဝဝ) နာရီအချိန်တွင် ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် (၂)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၂)စု လူဦးရေ(၉) ဦး ဘေးဒုက္ခခံစားခဲ့ရပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် (၉-၁၁-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စုစာ၊ ပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၄၀၀၀၀၀)နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၂၆၀၀) ကျပ်တိတိအား ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် ပြည်နယ်ဦးစီးမှူးတို့မှ သွားရောက် ထောက်ပံ့ခဲ့ကြောင်း … Read more

  • ရခိုင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီအထောက်အပံများ ပေးအပ်ရန် စေတနာ့၀န်ထမ်း လူငယ်များ စတင်ခရီးထွက်ခွာခြင်း

    ================================================= ၉-၁၁-၂၀၁၇၊ ရန်ကုန် ရခိုင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ ပြည်ထောင်စုစီမံကိန်း (UEHRD) ၏လုပ်ငန်းစဥ်များ အနက်မှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိိထိ ရောက်ရောက်ပေးအပ်ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးရှိ စေတနာ့၀န်ထမ်း လူငယ်များသည် (၉.၁၁.၂၀၁၇) ရက်နေ့၊ နံနက်တွင် ရန်ကုန်မြို့မှ ရခိုင်ဒေသသို့ မော်တော်ယာဥ်များဖြင့် စတင်ထွက်ခွာရာ လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့်အဖွဲ့မှ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • လုံးဖောကျေးရွာ၊ အေးချမ်းသာကျေးရွာနှင့် ဖော့သုတ်ကျေးရွာတို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    ================================================= Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) =================================================== ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၁၇) ရက်နေ့တွင် လုံးဖောကျေးရွာ၌လည်းကောင်း၊ (၆-၁၁-၂၀၁၇) ရက်နေ့တွင် အေးချမ်းသာကျေးရွာ၌လည်းကောင်း၊ (၇-၁၁-၂၀၁၇) ရက်နေ့တွင် ဖော့သုတ်ကျေးရွာ၌လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ပါသည်။ လုံးဖောကျေးရွာမှ တက်ရောက်သူ (၁၂၀) ဦးနှင့် အေးချမ်းသာကျေးရွာမှ တက်ရောက်သူ (၁၁၀) ဦးနှင့် ဖော့သုတ်ကျေးရွာမှ တက်ရောက်သူ (၉၀) ဦးရှိကြောင်း သိရှိရပါသည်။

  • ဒက္ခိဏသီရိမြို့နယ်၊ အ.လ.က ရွာသစ်စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) ================================================= ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၇) ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်၊ အ.လ.က ရွာသစ်စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက သဘာဝဘေးနှင့်ပတ်သတ်သည့် ရှောင်ရန်/ဆောင်ရန်များဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများဝေငှခြင်းနှင့် ဂိမ်းကစားခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

  • သံဖြူဇရပ်မြို့နယ်၊ စက်စဲစံပြကျေးရွာ၊ စက်စဲ(အ.ထ.က)၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဆူနာမီအသိပညာပြန့်ပွားရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားမှုသတင်း

    ================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) =================================================== ကမ္ဘာ့ဆူနာမီအသိပညာပြန့်ပွားရေးနေ့အထိမ်းအမှတ်အခမ်းအနားအား (၇-၁၁-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲစံပြကျေးရွာ၊ စက်စဲ(အ.ထ.က)၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူး (ကဆရ)၊ ဦးသောင်းရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ ဦးသိန်မြင့်ဌေးက ဆူနာမီနှင့်ပတ်သက်သည့်အသိပညာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာသဘာဝဘေးစီမံခန့်ခွဲမှူကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများ၊ စုစုပေါင်း ၃၀၀ ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events