=================================================
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
===================================================
ကမ္ဘာ့ဆူနာမီအသိပညာပြန့်ပွားရေးနေ့အထိမ်းအမှတ်အခမ်းအနားအား (၇-၁၁-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲစံပြကျေးရွာ၊ စက်စဲ(အ.ထ.က)၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူး (ကဆရ)၊ ဦးသောင်းရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ ဦးသိန်မြင့်ဌေးက ဆူနာမီနှင့်ပတ်သက်သည့်အသိပညာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာသဘာဝဘေးစီမံခန့်ခွဲမှူကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများ၊ စုစုပေါင်း ၃၀၀ ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။