=================================================
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
(၅-၁၁-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်၊ ကမ်းနားလမ်း ဖြတ်လမ်း (၇) နှင့် ဖြတ်လမ်း(၈)တို့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးအိမ် ခြေ (၁၆) လုံးမှ (၁၆) အိမ်ထောင်စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် ဆော်ဒီစောင်(၁၆)ထည်တို့အား (၅-၁၁-၂၀၁၇)ရက်နေ့တွင်လည်းကောင်း၊ လုံးဝပျက်စီးအိမ်ထောင်စု(၁၆)စုမှ လူဦးရေ(၇၀)ဦးနှင့် လူနေထိုင်သည့်ငါး/ပုဇွန်ဒိုင်(၂)ခုမှ လူဦးရေ(၆)ဦး စုစုုပေါင်းလူဦးရေ (၇၆) ဦးအတွက် ဆန်ရိက္ခာဖိုး(၁၅၉၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ လုံးဝပျက်စီးအိမ်ခြေ (၁၆) လုံးအတွက်(၂၁၀၀၀၀၀) ကျပ်နှင့် မီးဘေးတားကြိုတင်ဖျက်သိမ်းအိမ်ခြေ (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၄၇၀၀၀) ကျပ် စုစုပေါင်းထောက်ပ့ံငွေ (၂၆၀၆၆၀၀) ကျပ်တိတိအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရို်င်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈- ၁၁-၂၀၁၇) ရက်နေ့တွင်လည်ကောင်း သွားရောက််ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။