ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

9_pic01

=================================================
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
=================================================

(၈-၁၁-၂၀၁၇) ရက်နေ့၊ (၁၉းဝဝ) နာရီအချိန်တွင် ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် (၂)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၂)စု လူဦးရေ(၉) ဦး ဘေးဒုက္ခခံစားခဲ့ရပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် (၉-၁၁-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စုစာ၊ ပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၄၀၀၀၀၀)နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၂၆၀၀) ကျပ်တိတိအား ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် ပြည်နယ်ဦးစီးမှူးတို့မှ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events