=================================================
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
===================================================
ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၁၇) ရက်နေ့တွင် လုံးဖောကျေးရွာ၌လည်းကောင်း၊ (၆-၁၁-၂၀၁၇) ရက်နေ့တွင် အေးချမ်းသာကျေးရွာ၌လည်းကောင်း၊ (၇-၁၁-၂၀၁၇) ရက်နေ့တွင် ဖော့သုတ်ကျေးရွာ၌လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ပါသည်။ လုံးဖောကျေးရွာမှ တက်ရောက်သူ (၁၂၀) ဦးနှင့် အေးချမ်းသာကျေးရွာမှ တက်ရောက်သူ (၁၁၀) ဦးနှင့် ဖော့သုတ်ကျေးရွာမှ တက်ရောက်သူ (၉၀) ဦးရှိကြောင်း သိရှိရပါသည်။