=================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
=================================================
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၇) ရက်နေ့တွင် ပုသိမ်မြို့ပေါ်ရှိ အမှတ်(၇)ရပ်ကွက်၌ သဘာဝဘေးကြိုတင် ပြင်ဆင်ရေးလုပ်ငန်းစဉ်ဖြစ်သည့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့များနှင့်အတူ ပြည်သူလူထု (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။