=================================================
၉-၁၁-၂၀၁၇၊ ရန်ကုန်
ရခိုင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ ပြည်ထောင်စုစီမံကိန်း (UEHRD) ၏လုပ်ငန်းစဥ်များ အနက်မှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိိထိ ရောက်ရောက်ပေးအပ်ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးရှိ စေတနာ့၀န်ထမ်း လူငယ်များသည် (၉.၁၁.၂၀၁၇) ရက်နေ့၊ နံနက်တွင် ရန်ကုန်မြို့မှ ရခိုင်ဒေသသို့ မော်တော်ယာဥ်များဖြင့် စတင်ထွက်ခွာရာ လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့်အဖွဲ့မှ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။