Author Archives: Thandar Aung

  • သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    ================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ ကျေးရွာနေ ပြည်သူ/သား (၃၅၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

  • ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနှင့် ကာဒီကျေးရွာများ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    ================================================= Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈) ရက်နေ့၊ (၀၉းဝဝ ~ ၁၁း၃၀) နာရီအချိန်တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ဘုန်းကြီးကျောင်း၌ ကျေးရွာနေ ပြည်သူ/သား (၁၂၅) ဦးအားလည်းကောင်း၊ (၁၃းဝဝ ~ ၁၅းဝဝ) နာရီအချိန်တွင် ကာဒီကျေးရွာ ဘုန်းကြီးကျောင်း၌ ကျေးရွာနေ ပြည်သူ/သား (၁၄၅) ဦးအားလည်းကောင်း သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက မြေငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ဟောပြောခြင်း၊ ဘေး(၈)မျိုးလက်ကမ်းစာစောင်များ … Read more

  • ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ လိပ်ချောင်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    ================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ လိပ်ချောင်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ရာ တက်ရောက်လာသော ရပ်ရွာပြည်သူ (၁၀၀) ဦးအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဘေးမဖြစ်မီ ဘေးဖြစ်နေစဉ် ဘေးဖြစ်ပွားပြီးနောက် ဆောင်ရန်/ ရှောင်ရန်များ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။

  • လှိုင်သာယာမြို့နယ် ၊ ရေဥက္ကံကျေးရွာအုပ်စု၊ စက်မှုဇုန် (၄) နေ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= (၂၃-၁-၂၀၁၈) ရက်နေ့တွင် လှိုင်သာယာမြို့နယ် ၊ ရေဥက္ကံကျေးရွာအုပ်စု၊ စက်မှုဇုန် (၄) နေ ဦးစိုးဝင်း နေအိမ်မှ ထင်းမီးဖြင့် ရေနွေးအိုးတည်ထားရာ မီးဖိုအနီးတွင် ကာရံထားသော ဓနိများအား မီးကူးစက်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျူးကျော်တဲ (၇၀) လုံး၊ အိမ်ထောင်စု (၇၁) စုမှ လူဦးရေ (၃၀၅) ဦးဘေးသင့်ခဲ့ပြီး (၁) ဦး သေဆုံး ခဲ့ပါသည်။ အဆိုပါမီးဘေးကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် (၂၄-၁-၂၀၁၈) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ၌ ငလျင်ဘေးနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

      ================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈) ရက်နေ့တွင် မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ၌ ငလျင်ဘေးနှင့် သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ပါသည်။ ဟောပြောပွဲသို့ကျေးရွာသူ၊ ကျေးရွာသား (၈၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events