=================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ လိပ်ချောင်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ရာ တက်ရောက်လာသော ရပ်ရွာပြည်သူ (၁၀၀) ဦးအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဘေးမဖြစ်မီ ဘေးဖြစ်နေစဉ် ဘေးဖြစ်ပွားပြီးနောက် ဆောင်ရန်/ ရှောင်ရန်များ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။