=================================================
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
=================================================
(၂၃-၁-၂၀၁၈) ရက်နေ့တွင် လှိုင်သာယာမြို့နယ် ၊ ရေဥက္ကံကျေးရွာအုပ်စု၊ စက်မှုဇုန် (၄) နေ ဦးစိုးဝင်း နေအိမ်မှ ထင်းမီးဖြင့် ရေနွေးအိုးတည်ထားရာ မီးဖိုအနီးတွင် ကာရံထားသော ဓနိများအား မီးကူးစက်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျူးကျော်တဲ (၇၀) လုံး၊ အိမ်ထောင်စု (၇၁) စုမှ လူဦးရေ (၃၀၅) ဦးဘေးသင့်ခဲ့ပြီး (၁) ဦး သေဆုံး ခဲ့ပါသည်။ အဆိုပါမီးဘေးကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် (၂၄-၁-၂၀၁၈) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၇၁)အိမ်ထောင်စာ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး(၆၄၀၅၀၀ိ/-)နှင့် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-) တို့အား ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။