=================================================
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
=================================================
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အထက(ခွဲ)ထီသိမ်ရွေးတောင်၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၃၀၀) ဦးခန့်အား လည်းကောင်း၊ ညနေပိုင်းတွင် တောင်ကြီးမြို့နယ် အထက(ခွဲ)ထီသိမ်၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၃၅၀) ဦးခန့်အားလည်းကောင်း ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များအကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေး ဗွီဒီယိုပြသခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။