Author Archives: Thandar Aung

  • ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)(၁/၂၀၁၈) သင်တန်းဖွင့်လှစ်မှုသတင်း

    ================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)(၁/၂၀၁၈) သင်တန်းအား (၂၈-၃-၂၀၁၈) ရက်နေ့တွင် ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းမှ တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားအား နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သူ (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • မြန်အောင်မြို့နယ်၊ ဌက်ကြီးကွင်းကျေးရွာအုပ်စု၊ မှန်တန်းကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    ================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= မြန်အောင်မြို့နယ်၊ ဌက်ကြီးကွင်းကျေးရွာအုပ်စု၊ မှန်တန်းကျေးရွာ၌ (၂၆-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ၃ အိမ်ထောင်စာကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်  တာဝန်ရှိသူများနှင့်အတူ  ကျေးရွာအုပ်ချုပ်ရေးမှူး၏ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • ကျိုင်းတုံမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ စိန်ဂျိုးဇက်အာခါရွာသို့ သောက်သုံးရေများ ပေးဝေမှုသတင်း

    ================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================   ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၈) ရက်နေ့၊ ညနေ (၁၅း၀၀) နာရီအချိန်တွင် နွေရာသီရောက်သဖြင့် သောက်သုံးရေရှားပါးလျက်ရှိသည့် ကျိုင်းတုံမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ စိန်ဂျိုးဇက်အာခါရွာသို့ ရေဂါလံ ၇၅၀ ဆန့်၊ ကား ၄ စီးဖြင့် ရေဂါလံစုစုပေါင်း ၃၀၀၀ အား သွားရောက် ပေးဝေခဲ့ကြောင်း သိရှိရပါသည်။

  • ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့မှုသတင်း

    ================================================= Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= (၁၀-၃-၂၀၁၈) ရက်နေ့တွင် နမ္မတူမြို့နယ် ပန်ဆော့ကျေးရွာအုပ်စု ပန်ကွတ်ကျေးရွာ၌ TLNA အဖွဲ့ နှင့် RCSS အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပန်ဆော့ကျေးရွာအုပ်စု၊ ကျေးရွာ ၃ ရွာနှင့် လွယ်ပြေးကျေးရွာအုပ်စု၊ မန်ရွာကျေးရွာများတို့မှ အိမ်ထောင်စု ၈၉ စု၊ ကျား ၁၄၉ ဦး မ ၁၈၇ ဦး စုစုပေါင်း ၃၃၆ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုး အိမ်ထောင်စု ၈၉ စုစာအား … Read more

  • မိုင်းဖြတ်တပ်နယ်နှင့် တာလေတပ်နယ်တို့၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်မှုသတင်း

    ================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲရေးကွပ်ကဲမှုဌာနချုပ်မှ ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၅-၃-၂၀၁၈) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် မိုင်းဖြတ်တပ်နယ်ရှိ (၅၀၀) ဆံ့ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုးတင့်က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေက ရေးဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် … Read more

  • ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် မြို့ကြီးကျေးရွာ၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း

    ================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆/၂၇-၂-၂၀၁၈) ရက်နေ့များတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် မြို့ကြီးကျေးရွာ၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့ပြီး ရွာငံမြို့နယ်ရှိ ကျေးရွာအုပ်စု (၃) စု ကျေးရွာ (၇) ရွာ၌ ယခုနှစ်နွေရာသီကာလအတွက် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သင်တန်းသားများအား အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events