=================================================
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၈) ရက်နေ့၊ ညနေ (၁၅း၀၀) နာရီအချိန်တွင် နွေရာသီရောက်သဖြင့် သောက်သုံးရေရှားပါးလျက်ရှိသည့် ကျိုင်းတုံမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ စိန်ဂျိုးဇက်အာခါရွာသို့ ရေဂါလံ ၇၅၀ ဆန့်၊ ကား ၄ စီးဖြင့် ရေဂါလံစုစုပေါင်း ၃၀၀၀ အား သွားရောက် ပေးဝေခဲ့ကြောင်း သိရှိရပါသည်။