မိုင်းဖြတ်တပ်နယ်နှင့် တာလေတပ်နယ်တို့၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်မှုသတင်း

6_Pic01

6_Pic02

6_Pic03

6_Pic04

6_Pic05

=================================================
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲရေးကွပ်ကဲမှုဌာနချုပ်မှ ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၅-၃-၂၀၁၈) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် မိုင်းဖြတ်တပ်နယ်ရှိ (၅၀၀) ဆံ့ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုးတင့်က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေက ရေးဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ မိုင်းဖြတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်းနေလှိုင်က မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ သီဟကျော်ဇောဦးက တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့် ကြိုတင်ကာကွယ်ရေး/ကုသ ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီသီး အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြသည်။ ထို့နောက် စစ်ဆင်ရေးကွပ်ကဲရေးမှူးမှ အသိပညာဗဟုသုတများကို ဟောပြောဆွေးနွးခဲ့သည့် လူကြီးမင်းများအား ဂုဏ်ပြု လက်ဆောင်များကိုပေအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြသရှင်းလင်းပြီး စစ်သည်များ၊ ရဲမေများအား လက်တွေ့ပါဝင်လေ့ကျင့်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၅၁၅) ဦးတက်ရောက်ခဲ့ပါသည်။

အလားတူ ကျိုင်းတုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ယင်းနေ့ (၁၃း၀၀ ~ ၁၄း၃၀) နာရီအချိန်တွင် တာလေမြို့ တာလေတပ်နယ်၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ဆက်လက်ပြုလုပ်ရာ တာဝန်ရှိသူများက အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် တက်ရောက်သူ (၂၀၀) ဦးရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events